Cute Red Pencil

Gmail (or) Gtalk အကောင့်ဖျက်နည်း


ကိုယ်ဖျက်ဖြစ်ချင်တဲ့ အကောင့်ကို sign in လိုက်ပါ

အဆင့်(၁) Settings မှာကလစ်နှိပ်လိုက်ပါ............




အဆင့်(၂) Accounts and import မှာကလစ်နှိပ်လိုက်ပါ

အဆင့်( ၃) Other Google Account settings မှာကလစ်နှိပ်လိုက်ပါ




အဆင့်(၄) My products.Edit မှာကလစ်နှိပ်လိုက်ပါ



အဆင့်(၅) စာတွေကများတယ် လေးထောင့်ကွက်ထဲကစာတွေကိုပဲကလစ်နှိပ်လိုက်ပါ


အဆင့်(၆)ဒီနေရာမှာတော့ကြည့်လိုက်ပါ နံပါတ်(၇) မှာသုံးမျိုးပြထားတယ်

နံပါတ်(၈)မှာနှစ်မျိုးပြထားတယ်အဲတာတွေတော့ ဆူးလည်းနားမလည်းဘူး :D

အားလုံးကိုသံယောစဉ်ပြက်ချင်ရင်တော့ (၇) နှင့်(၈) မှာအားလုံးကိုအမှန်ခြစ်ပေးလိုက်ပါ

ပြီးရင်နံပါတ်(၉)မှာကိုယ်ဖျက်မည့်အကောင့်password:ရိုက်ထည့်လိုက်ပါ...

နံပါတ်(၁၀)Delete GoogleAcccuntမှာကလစ်နှိပ်ပြီးဖျက်ပြစ်နိုင်ပါပြီ။



Credit:http://alwanmintharlay.blogspot.com/2013/02/gtalkgmail.html
ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

facebook အကောင့်ဖျက်နည်း

 
 
 
Facebook အကောင့်ကို ဖျက်ချင်သူများအတွက် ကျွန်တော် သိတာလေး
ပြောပြလိုက်ပါသည် အရင်ဆုံး မိမိ ဖျက်မယ့် အကောင့်ကို Log in လုပ်ပါ
ပြီးရင် အောက်က ပေးထားတဲ့လင့်ကိုနှိပ်လိုက်ပါ
https://www.facebook.com/help/contact.php?show_form=delete_account

အဲလင့်ရောက်ရင် Delete ဆိုတာကိုလုပ်ပြီးတော့ Password တောင်းရင်
password ထည့်ပေးလိုက်ပါ အဆင်ပြေပါစေခင်ညာ
ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Android အတွက် ခလုတ်နာမှာ ဆိုးသူများအတွက် Button Savior 1.6.




ကိုယ့်ရဲ့  android ဖုန်းလေးမှာ Back key တို့ Menu key တို့ Home key တို့ Volume up and Down key တို့ Camera တို့ စတဲ့ ခလုတ်တွေမကောင်းရင်ပဲဖြစ်ဖြစ် ကိုယ့်ဖုန်းလေးရဲ့  ခလုတ်တွေ နာမှာစိုးလို့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့

အဲဒိခလုတ်တွေအကုန်လုံးကို ထိန်းချုပ်ခိုင်းစေ

အသုံးပြုစေနိုင်တဲ့ android application လေးတစ်ခုဖြစ်ပါတယ်။

ဒီ apk လေးကိုအသုံးပြုပြီး အပေါ်ကဖော်ပြပေးထားတဲ့ features လုပ်ဆောင်ချက်တွေ အသုံးပြု အသုံးချ

နိုင်ပါတယ်။

တခြား features တွေသုံးရင် root မလိုပါဘူး။

power feature ကိုသုံးမယ်ဆိုရင်တော့

root acc: တောင်းပါလိမ့်မယ်။

အဲဒါဆိုရင်တော့ root ထားမှ သုံးနိုင်မှာပါ။

သူ့ရဲ့ ပါဝင်တဲ့ features တွေကတော့…

★simulates 'Home' Back' Search' Recent Task' Screen Off' 'Volume up &down' 'Carema'.★

★Can set to always open or auto hide

    based on user customizable timer★

★Two types of trigger action to choose

     from(Gesture trigger and click trigger)★

★Added carema key and call key

    simulation ★

★Customizable trigger position★

★Also provides themese to support

    e-ink display.★

★Can change it to one click mode for

    super fast button action in option.★

★Can create shortcut action such as

    call someone or go to bookmark

    on call or camera keys.(With PRO)

Theme ဒီဇိုင်းမျိုးစုံ ကိုယ်လိုချင်တဲ့ပုံစံပြောင်း

ထားလို့လည်းရပါတယ်။icon size အရွယ်အစားကိုလည်း အကြီးအသေးချိန်ညှိ

လို့လည်းရတယ်။

features တွေတော်တော်လေးကိုအစုံပါပါတယ်ဗျာ။

PRO VERSION ကိုလည်း ထပ်တင်ပေးပါ

ဦးမယ်ဗျာ။

ကဲ…သုံးကြည့်ချင်ရင်တော့ အောက်မှာ ဒေါင်းလုပ်လင့်ခ်တွေတင်ပေးထားပါတယ်။

တိုက်ရိုက်ဒေါင်းယူနိုင်အောင်လည်း

One Click Download လင့်ခ် ပါတင်ပေးထား

ပါသေးတယ်။မိမိကြိုက်နှစ်သက်အဆင်ပြေရာ

လင့်ခ် ကနေဒေါင်းယူနိုင်ပါပြီ။

apk file size ကတော့ 1.54MB လောက်ရှိပြီး

android version 1.6 နှင့် အထက် ဖုန်းများ

အသုံးပြုနိုင်ပါတယ်။


ဒီ application အကြောင်းကို

Google Play Store မှာလေ့လာလိုပါက

 ★Go To Google Play Store★

PRO VERSION လေးထပ်တင်ပေးပါဦးမယ်။

အားလုံးအဆင်ပြေချောမွေ့  ကြပါစေဗျာ။
credit:ကိုဇော်သွင်

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Samsung Galaxy တော်တော်များများ Root နိုင်တဲ့ Framaroot 1.4.1



rooting apk လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ.... framaroot ဆိုတဲ့ Rooting apk ပါ
သူ Root လုပ်ပေးနိုင်တာကဒါတွေပါ...---
Compatibility for Qualcomm devices :

Google Nexus 4
LG L7 II P710/P714/P715
Karbonn Titanium S5
Huawei Honor Pro (U8950-1)
Samsung Galaxy Win I8552
BW T18+ (Fortis Evo)
Orange Nivo
Asus Padfone 1
Waiting feedbacks ...

Compatibility for Samsung devices :

Galaxy Young GT-S6312/GT-S6310
Samsung Lightray SCH-R940
Waiting feedbacks ...

Compatibility for Exynos devices :

Samsung Galaxy S2 Epic 4G Touch - SPH-D710
Samsung Galaxy S2 AT&T SGH-I777
Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300
Samsung Galaxy S3 LTE GT-I9305
Samsung Galaxy Note GT-N7000
Samsung Galaxy Note 2 GT-N7100
Samsung Galaxy Note 2 LTE GT-N7105
Samsung Galaxy Note 8.0
AT&T Galaxy Note 2 SGH-I317
Verizon Galaxy Note 2 SCH-I605
T-Mobile Galaxy Note 2 T-889
Samsung Galaxy Camera EK-GC100
Samsung Galaxy Tab Plus GT-P6210
Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
ကဲစမ်းကြည့်ကြပါအုံးအဆင်မပြေတာရှိလဲ Comment မှချန်ခဲ့နိုင်ပါတယ် တစ်ခြားအဆင်ပြေတဲ့အမျိုးအစားတွေရှိခဲ့ရင်လဲ ရေးခဲ့ကြပါအုံး


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Next Launcher 3D v1.31



Next Launcher အသစ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
3D ဒီဇိုင်းလေးဆိုတော့ ဆွဲဆောင်မှုလည်း ရှိပါတယ် လူတိုင်းလည်း
ကြိုက်မှာပါ ဒီဆော့ဝဲလေးမှာ License verification လုပ်ထားတဲ့
အတွက် အဲဒါလေးကို Lucky patcher လေးနဲ့ ဖျက်နိုင်ပါတယ် 
 
4.6MB ပါ ဒီမှာ ဒေါင်းပါ 
Features:
  • Various operation for icons: icons support rotation, reset, select, align and so on. Operation is easy and fantastic.
  • Unlimited screen layout: placing icons or widgets randomly which forms your own home screen.
  • Stereoscopic screen preview: lots of screen display effects, dazzling animation of screen switching about adding or deleting screen.
  • Quick screen management: adding different kinds of elements in screen edit including application icons, folders and widgets. It’ll support changing wallpapers and themes soon.
  • Rotatable dock: inverting upward or downward the Dock can quickly switch among home screen, screen edit and screen preview.
  • Powerful app drawer: icons can be arranged by names or by time, and folders can be created by overlaying icons. Batch mode and operation of adding apps to screen are also available. 
  • Beautiful scrolling effects: a variety of app drawer scrolling effects that provide a distinctive screen switching experience.
  • Fancy 3D widgets: 3D widgets that are based on Next Launcher are coming soon!
Tips:
  • Please make sure your device has installed Google Play.
  • Phone performance:Android 2.3.3 and up; Dual-core models is better.
  • Suggestion:Watch the video of Next Launcher first, to know about the cool operation of the product.
  • Notice: We suggest users which use Galaxy Nexus don't remove the Menu icon.
What's in this version: (Updated : May 16, 2013)
  • (New) Gesture for icons on dock (Long press the icon on dock -> Gesture)
  • (New) Back button action (Preferences -> Gesture -> Back button)
  • (New) Icon font size editable (Personality -> Icon editor -> Label size) – Temporarily not supported for Android 4.0.x and 3.x
  • (Improved) Element swing amplitude setting (Preferences -> Effects settings -> Swing amplitude)
  • (Improved) Fling gesture supported for Next Key
  • (Fixed) Some FC and crash bugs
Required Android O/S : 2.2+

Screenshots :
 
 
 
 ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

MMTech (မြန်မာနည်းပညာ) v-1 {Android}

 

ဒီ app လေးကို ဖန်တီးရခြင်းရည်ရွယ်ချက်ကတော့ မြန်မာနည်းပညာဆိုဒ်တွေ

အများကြီး ရှိတဲ့အထဲကမှ update ဖြစ်သော ဆိုဒ်များကို စုစည်းဖော်ပြထားပြီး

တင်သမျှ ပို့စ်များ ကို အင်တာနက်ဖွင့်ထားရုံဖြင့် အချိန်နှင့် တပြေးညီ ဖတ်ရှုနိုင်မည်

ဖြစ်ပါသည်။ Feed များကို Download လုပ်ပြီးပါက Offline လည်း ဖတ်ရှုနိုင်ပါမည်။

အဓိကကတော့ မိုဘိုင်းဖုန်းကနေ အင်တာနက်အသုံးပြုရတာ မလွယ်ကူတဲ့ကြားက

ဝက်ဆိုဒ်အများကြီးကို လျှောက်ဖွင့်နေစရာမလိုဘဲ ဒီ app လေးတစ်ခုနဲ့

တင်သမျှပို့စ် အားလုံး သိစေဖို့ပါ။

အခုဒီ Version-1 မှာ ၀က်ဆိုဒ် (၁၆)ခု ပါဝင်ပါတယ်


ပါဝင်သော ၀က်ဆိုဒ်များကတော့ (Version-1)
ဆော့ဝဲမြို့တော်
ဝင်းကမ္ဘာကျော်
MMITHELPER
ဘလော့ခရီးသည်
ပြည်ဘလော်ဂါ
ကိုချင်းလေး
ညီနေမင်း
လွင်မင်းဗိုလ်
အိုင်တီမုဆိုး
ကိုလတ်(ကျွဲဆင်း)
အမျိုးကောင်းသား
အာကာဖြိုး
Techspace
မောင်(စွယ်စုံကျမ်း)

Developed by

အောင်ကျော်ခိုင်(ပုသိမ်)


APP Screenshots



ကြိုက်သလို Share လုပ် နိုင်ပါသည် ဒါပေမယ့် မူရင်းလင့်လေးအား Credit: ပေးပါခင်ဗျာ


 ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

 
နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်းခြောက် မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ဝမ်းဗိုက် ချပ်ရပ် စေပါတယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့် စေပါတယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါဝင် တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပိုတွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်း ရှိပါတယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ်ရပ် လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Format ချစရာမလိုဘဲ FAT to NTFS ပြောင်းမယ်

NTFS To FATA , FATA To NTFS File System များသို့ Format ချစရာမလို , Data တွေကို ထိခိုက်စရာမလို
ဘဲပြောင်းပေးနိုင်တဲ့ Software ကောင်းလေးဖြစ်ပါတယ်..မိမိကွန်ပျူတာမှာ Error ကင်းစေဖို့အတွက် အဓိက
အချက်အလက်တွေထဲမှာ File System ကအရေးကြီးပါတယ်.. FATA ထက် NTFS File system က မိမိရဲ့
Hard Disk Error ကင်းစင်ပို့အတွက် ပိုပြီးကောင်းတယ်လို့ ၀ါရင့်ကွန်ပျူတာပညာရှင်များကဆိုကြပါတယ်..
ကဲ..ဒါကြောင့် မိမိရဲ့ Hard Disk ကို Data များမထိခိုက်စေဘဲ File System ပြောင်းလဲထားချင်သူများအတွက်
ဒါမှမဟုတ် USB Stick များကို File System ပြောင်းလဲထားချင်သူများအတွက် အကောင်းဆုံး Software
လေးဖြစ်ပါတယ်.. USB Stick များတွင် Write Protect Error များတက်ရခြင်းရဲ့အကြောင်းရင်းတွေထဲမှာ
File System ကလဲ အပါအ၀င်ဖြစ်ပါတယ်..File System မကောင်းရင် IC ထိပြီး ပျက်တော့တာပါဘဲ..ကဲ..
Download ရယူနိုင်ကြပါပြီခင်မျာ.။

credit:mmithelper

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Android မှာ နာမည်ကြီး Tango လေး PC အတွက် ထွက်ပီ

 

Viber ကလည်း PC version ထွက်လာပီ အခု Tango ကလည်း PC 
version ထွက်လာပါပြီ  အရင်ဆုံး PC အတွက် လိုချင်ရင်
http://adf.ly/OsPKU မှာ သွားဒေါင်းလိုက်ပါ 11.2MB ထဲပါ
ဒေါင်းပြီးရင် install လုပ်လိုက်ပါ ဆော့ဝဲကို ဖွင့်ပါ
ph no တောင်းရင် mobile မှာ သုံးခဲ့တဲ့ ဖုန်းနံပါတ် အတိုင်းထည့်ပေးလိုက်ပါ
အဲဒါဆိုရင် မိုဘိုင်းက Tango ကို verification code ပို့ပေးပါလိမ့်မယ်
အဲဒီကုဒ်ကို PC မှာ ထည့်ပေးလိုက်ရင် အသုံးပြုရသွားပါပြီ
အောင်ကျော်ခိုင်(ပုသိမ်)


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

ကြေးအိုး ချက်နည်း




ပါဝင်သော ပစ္စည်းများ
၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ
 

ဟင်းရည်
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့် ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။
အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ ( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊
နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊
ပွဲပြင်နည်း
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ
အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စား
Posted by ချက်ကြီးတို့ အုပ်စု


ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Server ကနေ ကွန်ပျူတာများသို့ Upload , Download Speed များစီမံခန့်ခွဲနိုင်မယ့် CCproxy 7.3

Ccproxy ဆိုရင် အင်တာနက်ဆိုင်ဖွင့်ထားသူတော်တော်များများသိကြပါတယ်...ဒီ Software ကိုသုံးပြီး Server ကနေ ကွန်ပျူတာများသို့ Upload , Download Speed များစီမံခန့်ခွဲနိုင်သလို...မကြည့်စေချင်တာများကို လည်း Server ကနေပိတ်ထားလို့ရပါတယ်..ဒါ့အပြင်အခြားအသုံးဝင် Network Tools များလည်းပါ ၀င်တဲ့
အတွက် အင်တာနက်ဆိုင်ဖွင့်ထားသူများအတွက် အလွန့်ကိုအသုံးဝင်မှာပါ...အသုံးပြုရတာလည်း လွယ်ကူ
ပါတယ်.. အသုံးပြုပုံကို အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် Server ထဲကို CCproxy သွင်းပီးရင် Client Computer တွေရဲ့ IP Address များကို CCproxy မှာထည့်သွင်းပီး ထိန်းချုပ်ရမှာဖြစ်ပါတယ်...အစပိုင်းတော့အနည်းငယ်ရှုပ်သယောင်ထင်ရပါတယ်..ဒါပေမယ့်မရှုပ်ပါဘူး....ကဲ..Download ရယူနိုင်ကြပါပြီခင်မျာ..


Download=>Link1 / Link2
  အသုံးပြုနည်း Ebook=> Link1

Credit:http://mmithelper.blogspot.com
ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

ရခိုင် ဆိုင်ကလုန်း အန္တရာယ် သတိပေး


ွှTropical storm "One"
Tropical storm "One"

One လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းလမ်းကြောင်းဟာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ဦးတည်လာနေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်နိုင်ခြေရှိပါတယ်။ ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ မုန်တိုင်း ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင် လုပ်ဆောင် ထားပြီး ရေဒီယိုကနေ တဆင့်နိုးဆော်ချက်တွေကို နားစွင့်ပြီး သတိအနေအထားနဲ့ အသင့်ရှိနေကြပါလို့ ဒေသခံအာဏာပိုင်တွေနဲ့ မိုးလေဝသပညာရှင်တွေဘက်က အဆက်မပြတ် နိုးဆော်မှုတွေ လုပ်ဆောင်နေပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးပါမယ်။
အခု မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်း One ရဲ့ လမ်းကြောင်းဟာ ရခိုင်ကမ်းရိုးတန်းကိုရော ကုန်းတွင်းပိုင်းကိုပါ ဦးတည်ပြီးတော့ ဝင်ရောက်တိုက်ခတ် လာနိုင်ခြေရှိတဲ့ အတွက် ဒေသခံပြည်သူတွေအနေနဲ့ သတိအနေအထားမှာ အသင့်ရှိနေကြပါလို့ ဒေသတွင်းမှာ အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေဘက်က မုန်တိုင်း သတိပေးနိုးဆော်ချက်တွေနဲ့ အဆက်မပြတ် ဆော်သြပေးနေကြပါတယ်။

ရေဒီယိုကနေတဆင့်လည်း အချိန်နဲ့တပြေးညီ မုန်တိုင်း သတိပေး နိုးဆော်ချက်တွေ ကို တောက်လျောက် သတိပေးနေတဲ့ အတွက် ပြည်တွင်းရေဒီယိုဖြစ်တဲ့ ပဉ္စဝတီ FM ရေဒီယို ထုတ်လွှင့်ပေးနေတဲ့ မုန်တိုင်းသတိပေးချက်တွေကို မပြတ် စောင့်ကြည့် နားစွင့်ထားကြပါလို့လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ကြိုတင်ပြီး ကာကွယ်လို့ရအောင် လိုက်ပြီးဆော်သြနေပါတယ်။ ကျနော်တို့ ရေဒီယို အမြဲတမ်း နားထောင်မှ ရမှာလေ။ ပြည်သူတွေကိုလည်း ပြောပြီးသား၊ ကျနော်တို့ ပဉ္စဝတီကနေ နာရီဝက် တစ်ကြိမ် လွှင့်ပါတယ်။ အဲ့တာကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်ဖို့ပြောထားပြီးသား၊ မုန်တိုင်းရဲ့ ဘေးလွတ်တဲ့နေရာတို့၊ နောက် ကျနော်တို့ ကြိုတင် ဇာတ်တိုက်လေ့ကျင့်ထားတဲ့အတိုင်း အရေးကြီးတဲ့ပစ္စည်းတွေ သိမ်းဖို့၊ အဲ့တာတွေ ကိုယ်နဲ့မကွာဖို့ ၊ စားနပ်ရိက္ခာတွေသယ်ဖို့ ကျနော်တို့ ဇာတ်တိုက်တဲ့အထဲမှာ ပါပါတယ်။ အဲ့ဒီ့အတိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ လိုက်ပြီးဆော်သြနေပါတယ်။ အဓိကအချက်ကတော့ ကမ်းဝေးမှာသွားတဲ့လှေတွေ၊ မုန်တိုင်းခိုတဲ့နေရာ၊ သတ်မှတ်ထားတဲ့နေရာတွေကို ပြန်ဝင်ဖို့ ၊ နောက် အရေးကြီးတဲ့ပစ္စည်းတွေကို ကိုယ်ရေရှောင်တဲ့နေရာ၊မုန်တိုင်းရှောင်တဲ့နေရာကို တပါတည်းယူဆောင်သွားဖို့ အဲ့တာလေးတွေ ကျနော်ပြောချင်ပါတယ်။”

တစ်နာရီကို မိုင် ၁၀၀ကျော်နှုန်းနဲ့ တိုက်ခတ်မယ့် ပြင်းအားကြီး ဆိုင်ကလုန်းဖြစ်တဲ့ အတွက် မုန်တိုင်းတိုက်ခတ်ချိန်မှာ မိုးကြီး လေထန်ပြီး မြစ်ရေလျှံနိုင်တဲ့ အနေအထားဖြစ်တဲ့အတွက် မုန်တိုင်းတိုက်နေတဲ့ အချိန်မှာ ဒေသခံတွေအနေနဲ့ လုံခြုံတဲ့နေရာ ဘေးလွတ်ရာ နေရာတွေကို ရှောင်ရှားပြီး နေထိုင်ကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်ကပြောပါတယ်။

“မိုင်တစ်ရာကျော်ဆိုတာ အန္တရာယ်ရှိတဲ့အဆင့်ပဲလေ။ တစ်ရာကျော်တိုက်ရင် အနည်းဆုံး ရေက လေး၊ ငါးပေ တက်မှာပဲ၊ မုန်တိုင်း ခန့်မှန်းထားတဲ့အတိုင်း အဲ့ဒီ့နေ့မှာ အဲ့ဒီ့ကို ရောက်ပြီဆိုတာ ဒါတော့ သတင်းကို အပ်ဒိပ်လုပ်ဖို့ လိုတာပေါ့နော်။ အပြောင်းအလဲရှိချင်လည်း ရှိမှာပေါ့။ ဒါတော့ ကျနော်တို့လည်း အာမ မခံနိုင်ဘူး။ သို့သော် လောလောဆယ်တော့ ဒီကိုသွားမယ် မှန်းထားတယ်။ တကယ်လို့ အဲ့ဒီ့အတိုင်း မှန်းထားတဲ့အတိုင်း၊ အဲ့ဒီ့အချိန်မှာ လေဟာ တစ်ရာ၊ တစ်ရာ့ငါးမိုင်လောက် တိုက်နေမယ်ဆိုရင် လှိုင်းကြီးနိုင်တယ်၊ အဲ့တာကြောင့် ပင်လယ်ပြင်သွားလာတဲ့ခရီးကို ရှောင်ရင်ကောင်းတယ်၊ ဟုတ်လား၊ သင်္ဘောငယ်လေးတွေဆို ကမ်းက အဝေးကြီး မသွားပါနဲ့။ နောက်ပြီးတော့ လေပြင်းတိုက်တဲ့အတွက် အိမ်တွေ၊ ဓာတ်တိုင်တွေ၊ သစ်ပင်တွေ၊ လဲနိုင် ပြိုနိုင်တယ်။

နောက်ပြီးတော့ တခါ အနိမ့်ပိုင်းမှာနေရင် ရေတက်တဲ့အန္တရာယ်ကို သတိထားမယ်။ အရင်တုန်းက ကိုယ့်အိမ်ထဲမှာ ကိုယ်နေရင် လုံခြုံပြီလို့ထင်ကြတယ်။ မဟုတ်ဘူး မုန်တိုင်း ဒီရေဆိုတာ ပင်လယ်ထဲက ရေတွေ ကမ်းပေါ်အထိ တက်လာတာ ကမ်းပေါ်အထိ တက်လာတာ၊ အဲ့တော့ တကယ်ရေတက်မယ်ဆိုရင် လွတ်ရာကင်းရာ ပြောင်းဖို့လိုတယ်။ ဒါတွေတော့ ကျနော်ပြောနေတာပဲဗျ။”

ရခိုင်ဘက်မှာ မုန်တိုင်းဘေး မကြာခဏဖြစ်လေ့ရှိတဲ့အတွက် ရခိုင်ဒေသခံတွေအနေနဲ့ မုန်တိုင်းဘေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် အချက်တွေကို သိထားကြတယ် ဆိုပေမယ့် အခုတိုက်ခတ်လာနိုင်တဲ့ မုန်တိုင်းဟာ အန္တရယ်များတဲ့ အဆင့်ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ တာဝန်ရှိသူတွေက ရေဒီယိုကနေ အဆက်မပြတ် ထုတ်လွှင့် ကြေညာပေးနေတဲ့ မုန်တိုင်း သတိပေးနိုးဆော်ချက်တွေကို နားထောင်ပြီးတော့ ကြိုတင်ပြင်ဆင် ထားသင့်တာတွေကို လုပ်ဆောင်ထားကြပါလို့ ရခိုင်သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ထပ်ပြီးတော့ သတိပေးပြောပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ တစ်နာရီကို ၁၀၅ မိုင်နှုန်းနဲ့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်နဲ့ ရခိုင်ကမ်းရိုးတမ်းမြောက်ပိုင်း တလျောက်ကို ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိတဲ့အတွက် ရေလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ကမ်းနီးကမ်းဝေးငါးဖမ်းရေယာဉ်များ၊ လှေတွေ၊ နောက် ခရီးသည်တင် သင်္ဘောတွေ အထူးသတိထားပြီး မုန်တိုင်း ရှောင်ရှားကြဖို့ကိုလည်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးပြောဆိုပါတယ်။

အခုလို တာဝန်ရှိသူတွေဘက်က ဒေသခံတွေအတွက် ONE ဆိုင်ကလုန်းမုန်တိုင်း တိုက်လာရင် ဖြစ်လာနိုင်ခြေ ရှိလာတာတွေအတွက် မုန်တိုင်းသတိပေးချက်တွေကို အဆက်မပြတ် ဆော်သြ နိုးဆော်မှုတွေ လုပ်ဆောင်နေသလိုပဲ ဒေသခံ အဖွဲ့အစည်းတွေ၊ ကျမ်းမာရေးအဖွဲ့တွေ၊ လူမူရေးအဖွဲ့အစည်း၊ NGO တွေနဲ့ ပူးပေါင်းပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်လို့ ရခိုင်သတင်းပြန်ကြားရေး အဖွဲ့ကလည်း ဆိုပါတယ်။

“ ကျနော်တို့အစိုးရအဖွဲ့ကတော့ ဘာလုပ်ရမယ်ဆိုတာ ကျနော်တို့ပြင်ဆင်ထားတဲ့ အပိုင်းအတိုင်း ပြင်ထားပါတယ်။ အဓိကကတော့ ပြည်သူတွေအပိုင်းက ပိုအဓိကကျတယ်။ အစိုးရအနေနဲ့ ဘာဖြစ်လာရင် ဘာလုပ်ရမယ်ဆိုတဲ့အချက်လေးတွေ၊ ကြက်ခြေနီအဖွဲ့တို့ လူမှုရေးအဖွဲ့တွေ ဘာတွေ အကုန်လုံးက ကြိုတင်လုပ်ထားပြီးသားပါ ခင်ဗျ။”

အခု အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ၀င်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေ၀သပညာရှင်တွေကလည်း သတိပေးထားတာပါ။

အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ၀င်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးပြောဆိုနေတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One ဟာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်းဒေသတွေကို မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ၀င်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေ၀သ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်တယ်လို့လည်း မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။
VOA မြန်မာဌာန မှကူးယူဖေါ်ပြသည်

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

အမေနေ့ အကြောင်းနှင့် သီချင်းများ(12.5.2013)


အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။ မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။

Juila Ward Home (1819-1910)
ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲဖြစ်ပါသည်။ နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့်နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ Juil Ward Home နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာနှင့် အ၀ှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာဖြစ်ပါသည်။
အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

အမေနေ့ ဖြစ်ပေါ်လာပုံ

မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့်အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။ မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။ ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။ ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်းဖြစ်ပါသည်။
  • “အမေဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင်ရွတ်ဆိုကြည့်လိုက်စမ်းပါ။ အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်” (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ) 
အမေစားသောထမင်းတစ်နပ်

ကမ္ဘာကြီး ကမ္ဘာကြီးကို
အာဒံနဲ့ ဧဝ ကပဲ စတယ်လို့ ပြောပြော...
ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော...
သူတို့ထဲမှာ
အမေ...ဆိုတဲ့ ဣတ္ထိလိင်
ပါလာလို့သာ
ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့
ဒီနေ့အထိ ကျနော်တို့အထိ
သားစဉ်မြေးဆက်တွေဖြစ်လာတယ်မဟုတ်လား အမေ...
အမေမှန်သမျှ
ဘာသာခြား လူမျိုးခြားရယ်လို့
ကျနော့်စိတ်ထဲမှာ မရှိဘူးအမေ...
သားသည်အမေတစ်ယောက်ဟာ
အမေပါပဲ အမေ...
သူက ယုတ်ညံ့လို့...
သူက လူမျိုးခြားမို့လို့...
သူက ဘယ်ဘာသာမို့လို့...
မဟုတ်ပါဘူး အမေ
မဟုတ်ပါဘူး
ကျနော်မြင်တာဖြင့်
ကျနော်ပြောဦးမယ်
ကျနော်လွန်သွားမလား...
မလွန်ပါဘူး အမေ
ကျနော် စဉ်းစားထားပြီးမှ ပြောတာပါ
အမေမှန်ရင်လေ...
အမေ
နားနဲ့မနာ ဖဝါးနဲ့နာ
ပြောလိုက်ပါရစေတော့...
အမေဟာ
ကျနော့်လက်ထက်ထဲမှာ...
ကျနော့်မျက်စေ့အောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ......
အမေဟာ အမေပါပဲ.....။ ။

 ဂန္တ၀င်မေမေ (သီချင်း-ဟင်္သာတမင်းကျော်)


အမေ့ရုပ်ရည်(သီချင်း-ဘိုဖြူ)
 


12.5.2013 နေ့တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်
အောင်ကျော်ခိုင်-ပုသိမ်( www.aungkyaw.com) မှ အမေများအား ဤပိုစ့်ဖြင့်ကန်တော့ပါသည်

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Harvest Moon (စိုက်ပျိုးရေးဂိမ်း) PC



Harvest Moon - Magical Melody ဂိမ်းကတော့ အရင် PlayStation, Wii တို့အတွက် ထွက်ထားပြီး အခု PC အတွက် ထွက်ထားတာပါ။ စိုက်ပျိုးရေးဂိမ်း အင်မတန်ကောင်းပါတယ်။

Password = 0000
credit:

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

Camera360 Ultimate 4.0 {Android ]

Camera360 Ultimate 4.0 screenshot 0 Camera360 Ultimate 4.0 screenshot 1 Camera360 Ultimate 4.0 screenshot 2 

 ကင်မရာဆော့ဝဲလေးတစ်မျိုးပါ နာမည်အရမ်းကြီးတယ်နော်
အသုံးပြုသူ သန်းပေါင်း 90 ကျော်ရှိတယ် Features တွေကတော့ အောက်မှာသာဖတ်လိုက်တော့နော်
ဖိုင်ဆိုဒ်က 7.36MB


Features

#Six Shooting Modes#
Effects, Self-shoot, Fast-shoot, Funny, Tilt-shift, Color-shift, such 6 photography modes make any photograph fantastic.

#Numerous beautiful Effects#
Apply the third generation photo processing engine, make Effects clearer and better, and bring you beyond thrilling photographing experience like never before.

#Interesting Scenes#
More and bigger Scenes to decorate photo bring you more surprises and make photography interesting.

#Cloud Service# (2000 px at maximum upload supported)
Safe, lifelong and private, Camera360 Cloud provides you a safe and smart platform for photo browse, manage, edit and share.

#Easy Share#
Easily share your stylish photos with the world by Facebook, Twitter and more.

ကြိုက်သလို Share လုပ် နိုင်ပါသည် (ခွင့်တောင်းစရာမလိုပါ) ကျေးဇူးပြု၍ Like ပေးပါအုံး
Learn more »

ဝါသနာတူသူ မန်ဘာဝင်လိုက်